"နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ" ဘုရား၊ တရား၊ သံဃာ ရတနာ သုံးပါးနှင့် မိဘ၊ ဆရာတို့ကို ဦးထိပ် ထား၍ မိတ်ဆွေအပေါင်း၊ ညီအစ်ကို မောင်နှမ အပေါင်း စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ။
မိသားစု စာကြည့်တိုက်
Covid ၁၉ အကြောင်း နည်းပညာများ တရားများ
အသံဇာတ်လမ်းများ သီချင်းများ ဗီဒီယိုများ

Wednesday, July 26, 2017

မေကြီးဘ၀တစ်ပါးသို့ကွယ်လွန်ကူးပြောင်းခဲ့


မိသားစု ဆွေမျိုးမျာ၊း မြေး၊ မြစ်များနှင့်အတူ ချစ်ရပါသော ဘ၀တစ်ပါးသို့ ကွယ်လွန်ကူးပြောင်းသွားခဲ့သော
 မေကြီး

မိသားစုနှင့် ဆွေမျိုးများ၊ မြေးမြစ်များတို့၏ ပြုခဲ့သော ကောင်းမှုကုသိုလ်များနှင်အတူ မေကြီး ပြုပြုသမျှ ကောင်းမှုကုသိုလ်များအားလုံး အကျိုးဘာဂကြောင့်
မေကြီး ကောင်းရာ သုဂတိဘုံသို့ ရောက်အောင် အထောက်အပံ့ဖြစ်ပါစေ.
မေကြီး ကောင်းရာ သုဂတိဘုံသို့ ရောက်ပါစေ ..
ကျန်ရစ်သူ မိသားစု ဆွေမျိုး မြေး မြစ် များတို့မှ ဆုတောင်းမေတ္တာ ပို့ကြပါကုန်၏

================================================
အားလုံးသို့ ဖိတ်ကြားအပ်ပါသည်။
😢
ဒေါ်တင်ညွှန့် (ခ) ဒေါ်ညွှန့် - အသက် (၈၂)နှစ်

ကျိုက္ခမီမြို့၊ ရန်အောင်မြေရပ်ကွက်၊ သာယာကုန်း(၁)လမ်း (ဦးတင်အောင်(ခ) ဦးအာလီ) ၏ဇနီး 
ဦးသားငယ် +ဒေါ်မီး၊ ဦးတင်ဟန် +
 ဒေါ်သန်းသန်းဆင့်၊ ဦးမြင့်ဇော် +ဒေါ်သန်းသန်းဝင်း၊
ဦးရင်မိုး +ဒေါ်မခိုင်၊ 
ဦးဝင်းခိုင် + ဒေါ်ခိုင်ခိုင်စိုး (ခ) ချိုမီး တို့၏မိခင်၊
 မြေး (၁၅) ယောက်၊ မြစ်(၆)ယောက်တို့၏အဖွား (ဒေါ်တင်ညွှန့်) သည် 
၁၃၇၉ ခုနှစ်၊ ၀ါခေါင်လဆန်း(၂)ရက် (၂၅.၇.၂၀၁၇) အင်္ဂါနေ့၊ ညနေ(၅း၀၀)နာရီတွင် 
ကွယ်လွန်သွားပါသဖြင့် ကြွင်းကျန်ရစ်သော ရုပ်ကလာပ်ကို ၁၃၇၉ ခုနှစ်၊ ၀ါခေါင်လဆန်း(၃)ရက် (၂၆.၇.၂၀၁၇) ဗုဒ္ဓဟူးနေ့၊ ညနေ (၃း၀၀)နာရီတွင် 
ကျိုက္ခမီဆင်ပုန်းသုသာန်သို့ ပို့ဆောင်သင်္ဂြိုဟ်မည် ဖြစ်ပါသည်။

ကွယ်လွန်သူ (ဒေါ်တင်ညွှန့်) အားရည်စူး၍ ၁၃၇၉ခုနှစ်၊ ၀ါခေါင်လဆန်း (၈)ရက် (၃၁.၇.၂၀၁၇) 
တနင်္လာနေ့၊ နံနက် (၅း၀၀)နာရီတွင် သံဃာတော်အရှင်သူမြတ်တို့အား ဆွမ်းဆက်ကပ်လှူဒါန်းမည်ဖြစ်သောကြောင့် ကျန်ရစ်သူ မိသားစုနှင့်အတူ ဆွမ်းကျွေး၊ ရေစက်ချတရားတော်နာ ကြွရောက်ကြပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။

(၄င်းနေ့တစ်နေ့တည်း အပြီး ဧည့်ခံကျွေးမွေးမည်ဖြစ်ပါသည်။)
ကျန်ရစ်သူ မိသားစု












Tuesday, July 25, 2017

သထုံရွှေစာရံဘုရားရောက် အမှတ်တရ

ညီလေး သထုံရွှေစာရံဘုရားရောက် အမှတ်တရ
၂၅.၀၇.၂၀၁၅


Sunday, July 23, 2017

ကိုငယ်၏ ဆုတောင်းမေတ်တာပို့


အရှင်ဘုရား တပည့်တော်သည် ငယ်ရွယ်သိတတ်အချိန်မှစပြီး ဒီနေ့အချိန်ထိ သရဏံဂုဏ်သုံးပါကို အစဉ်မပျက် ဆီးကပ်ပူဇော်ခဲ့ပါ၏ 

ဧည်မှန်သော သစ်စာစကားကြောင့် တပည့်တော်၏မိဘနှစ်ပါးနဲ့ တပည့်တော်၏အသက်ထက်မြတ်နိုးချစ်ခင်သူ တို့သည် ဒီနေ့ဒီအချိန်မှစ၍ဘဝတလျှောက်လုံး၌ရေလိုအေးပြီး လိုအင်ဆန္ဒများနဲ့ပြီးပြည့်စုံပါစေ 

စိတ်၏ချမ်းသာကိုယ်၏ကျန်းမာချင်းများနဲ့လိုရာ ဘဝခရီးကို လျှောက်လှမ်းနိုင်ပါစေ အရှင်ဘုရား


၂၃.၀၇.၂၀၁၇

Friday, July 21, 2017

တူမလေး ကြယ်ဇင်ဝင်း

တူမလေး ကြယ်ဇင်ဝင်း

Wednesday, July 19, 2017

သားအရမ်းချစ်ရပါသော "နိုင်"


"Happy Birthday" ပါသားအရမ်းချစ်ရပါသော "နိုင်"
ယနေ့ကျရောက်သော ၂၈ နှစ်မွေးနေ့မှသည်
နောင်နှစ်ပေါင်းများစွာတိုင် ချစ်ရသော ဖေဖေမေမေ
ကိုကြီးကိုငယ် သားညီထွေးလေးနဲ့အတူ စိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့် ပျှော်ရွှင်စွာ နိုင့်ရဲ့အိမ်မက်လမ်းခရီးလေးကို အကောင်ထည်ဖော်ဆောင်နိုင်ပြီး ထာဝရ အမြဲတမ်းပြုံးပျှော်နိုင်ပါစေလို့ သားနဲ့ ထပ်တူ ဖေဖေမေမေ ကိုကြီးကိုငယ် မိသားစုမှ ဆုတောင်းမေတ္တာပြုသလိုက်ပါတယ်
မိသားစုအပေါ်မှာ အရမ်းအနစ်နာခံတဲ့ သားရဲ့အကို
မိသားစုအပေါ်မှာ အရမ်းကိုချစ်ခင်မြတ်နိုးတဲ့ အကို
ညီကိုတွေအပေါ်မှာလည်း အရမ်းချစ်တဲ့သားရဲ့ အကို 
နိုင်သားဒီဟာလိုချင်တယ် ဟိုဟာလိုချင်တယ်လို့ပြောလိုက်ရင် မဖြစ်ဖြစ်အောင်မရရအောင်လုပ်ပေးတယ် နိုင်ကလေ သားအပေါ်မှာ ဘယ်အရာနဲ့မှ အစားထိုးလို့မရတဲ့ အဖေနဲ့အမေတစ်ဖွယ်ပါပဲ....
နိုင်ဟာလေ သားကို အရမ်းကို ဟိုးးးငယ်ငယ်လေးကတည်းက အရမ်းချစ်မြတ်နိုးတယ် သားမှတ်မိသေးတယ်
ငယ်ငယ်က အိမ်မှာ သားနဲ့ နိုင်အတူဆော့ရင်းသားက တစ်ခုခုအပြစ်လုပ်လိုက်တဲ့အခါ အဖေသိလို့ ဆူရင်ရိုက်ထိရင် နိုင့်လုပ်တယ်ဆိုပြီးတော့ပဲ အဖေရိုက်တဲ့ တုတ်အောက်မှာပဲ အမြဲတမ်းသားနာမှာစိုးလို့ ခံခဲ့တယ်
နောက်ကျောင်းသားအရွယ် ကျောင်းတက်တဲ့ အချိန် မူလတန်းကစပြီး သားက ၆ တန်းဖြစ်လာချိန်မှာ နိုင်က ၁၀ တန်းကိုရောက်ခဲ့ပြီ အဲ့ဒီ ၁၀ တန်းအထိ နိုင်ဆီက အဖေမေပေးတဲ့ မုန့်ဖိုးကို သားမုန့်ဖိုးဆိုပြီး နိုင်သားကိုပေးခဲ့တယ် နိုင် ၁၀တန်းအောင်ပြီး တက္ကသိုလ်တက် ကျောင်းတွေ ပြီးစီးသွားသည့်တိုင်အောင် သားက နိုင်အပေါ်ဘာမှ မကူညီပေးခဲ့တဲ့အပြင် အခုထက်ထိ နိုင်ကပဲသားကို ဒါကညီလေးအတွက်မုန့်ဖိုး လစဉ် တစ်လ ၁ သိန်းကို ပေးနေဆဲပဲ ဒီကြားထဲ နိုင်ရေ သားကို ဒီလကုန်သားကို ပိုက်ဆံ ၃သိန်း လောက်ပေးပါ ဆိုလည်း ဘာလုပ်ဖို့လဲ ဆိုတာကိုမမေးမမြန်းပဲ အင်း နိုင် ဒီလကုန်ပို့ပေးလိုက်မယ်လို့သာပြောပြီး မပေးဘူး ဆိုပြီး တစ်ခါမှ မငြင်းဆန်ခဲ့ဖူးဘူး နောက်ပြီး သားအခုလက်ရှိလုပ်နေတဲ့ အလုပ်ကိုဆိုရင်လည်း ညီလေးအရမ်းပင်ပန်းရင် မလုပ်နဲ့နော် နိုင် ပြန်လာတဲ့အခါ နိုင်တို့ညီကိုတွေစုပြီး စီးပွားရေးတစ်ခုခု လုပ်ကြရအောင် ညီလေးအရမ်းပင်ပန်းတာတွေကို နိုင်မလိုချင်ဘူး ညီလေးက အငယ်ဆုံး အိမ်မှာအငယ်ဆုံး အဖေအမေ အနားမှာပဲနေရမှာ အခုလိုပင်ပန်းတဲ့အလုပ်တ်ေကို မလုပ်သင့်ဘူး လို့ ခဏခဏပြောပြီး နိုင့်ကို ခွင့်လွတ်နော်ဆိုတဲ့ စကားသံလေးတွေက အခုထက်ထိ သားနားမှာ ကြားနေတုန်းပဲ နိုင်
သားကိုဆိုလည်း အမြဲတမ်းမျက်နှာ မငယ်အောင်ထားတယ် နောက်ပြီး သားကျန်းမာရေးမကောင်းတစ်ခုခုဖြစ်မှာ အရမ်းကိုစိုးရိမ်တယ် သားအတွက် ထိုင်းကနေ မော်လမြိုင်ဆေးရုံမှာ တုန်ကင် ကိုယူထားပေးတယ် သား ကျိုက္ခမီကနေသွားရင် ဟိုရောက်ရင် အရမ်းနောက်ကျမှာ ဆိုပြီးယူထားပေးခဲ့တယ် နိုင်ကလေသားအတွက်ဆို အမြဲတမ်းကိုယ့်အတွက်မကြည့်တဲ့ လိုတရ အကိုပါ ပဲ....

Friday, July 14, 2017

ပြန်လာပါတော့ - သရုပ်ဆောင် ညီလေး



ပြန်လာပါတော့
ရေး - ဂျက်မြသောင်း
ဆို - လေးဖြူ
သရုပ်ဆောင် - ကျိုက္ခမီသားညီညီထွေး

အကြင်နာရယ် မင်းပြောခဲ့တဲ့ စကားတွေ
ဘယ်ဆီကို ရောက်လို့သွားလဲ
အခုကျတော့ သူစိမ်းအကြည့်တွေကြည့်ကာ
(တစ်နေရာရာမှာ မြင်တွေဖူးသလား နင်ပြန်ကာစဉ်းစားကြည့်နေသလား)

မေ့လက်စ မုန်းမေ့ပါတော့ကွယ် မခေါ်ချင်သူ ဘယ်လိုရှင်းပြ ငါဘယ်သူ မင်းသိဖို့မလွယ်ဘူး
စဉ်းစားပါဦး တွေးကြည့်ပါဦး ငါ့မှာ ဘာအပြစ်ရှိလို့မုန်းတာလဲ
ငါ့ရဲ့အချစ်ဆုံး မုန်းသွားပေမယ့် မင်းကိုမျှော်လင့်ရင်းနဲ့စောင့်နေမယ်
ပြန်ခဲ့ပါ ပြန်ခဲ့ပါ ပြန်လာပါတော့





Wednesday, July 12, 2017

ချစ်ညီလေးနှင့် ချစ်ညီမလေးများ

ချစ်ညီလေးနှင့် ချစ်ညီမလေးများ အမှတ်တရ
၁၂.၀၇.၂၀၁၇