"နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ" ဘုရား၊ တရား၊ သံဃာ ရတနာ သုံးပါးနှင့် မိဘ၊ ဆရာတို့ကို ဦးထိပ် ထား၍ မိတ်ဆွေအပေါင်း၊ ညီအစ်ကို မောင်နှမ အပေါင်း စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ။
မိသားစု စာကြည့်တိုက်
Covid ၁၉ အကြောင်း နည်းပညာများ တရားများ
အသံဇာတ်လမ်းများ သီချင်းများ ဗီဒီယိုများ

Wednesday, July 26, 2017

မေကြီးဘ၀တစ်ပါးသို့ကွယ်လွန်ကူးပြောင်းခဲ့


မိသားစု ဆွေမျိုးမျာ၊း မြေး၊ မြစ်များနှင့်အတူ ချစ်ရပါသော ဘ၀တစ်ပါးသို့ ကွယ်လွန်ကူးပြောင်းသွားခဲ့သော
 မေကြီး

မိသားစုနှင့် ဆွေမျိုးများ၊ မြေးမြစ်များတို့၏ ပြုခဲ့သော ကောင်းမှုကုသိုလ်များနှင်အတူ မေကြီး ပြုပြုသမျှ ကောင်းမှုကုသိုလ်များအားလုံး အကျိုးဘာဂကြောင့်
မေကြီး ကောင်းရာ သုဂတိဘုံသို့ ရောက်အောင် အထောက်အပံ့ဖြစ်ပါစေ.
မေကြီး ကောင်းရာ သုဂတိဘုံသို့ ရောက်ပါစေ ..
ကျန်ရစ်သူ မိသားစု ဆွေမျိုး မြေး မြစ် များတို့မှ ဆုတောင်းမေတ္တာ ပို့ကြပါကုန်၏

================================================
အားလုံးသို့ ဖိတ်ကြားအပ်ပါသည်။
😢
ဒေါ်တင်ညွှန့် (ခ) ဒေါ်ညွှန့် - အသက် (၈၂)နှစ်

ကျိုက္ခမီမြို့၊ ရန်အောင်မြေရပ်ကွက်၊ သာယာကုန်း(၁)လမ်း (ဦးတင်အောင်(ခ) ဦးအာလီ) ၏ဇနီး 
ဦးသားငယ် +ဒေါ်မီး၊ ဦးတင်ဟန် +
 ဒေါ်သန်းသန်းဆင့်၊ ဦးမြင့်ဇော် +ဒေါ်သန်းသန်းဝင်း၊
ဦးရင်မိုး +ဒေါ်မခိုင်၊ 
ဦးဝင်းခိုင် + ဒေါ်ခိုင်ခိုင်စိုး (ခ) ချိုမီး တို့၏မိခင်၊
 မြေး (၁၅) ယောက်၊ မြစ်(၆)ယောက်တို့၏အဖွား (ဒေါ်တင်ညွှန့်) သည် 
၁၃၇၉ ခုနှစ်၊ ၀ါခေါင်လဆန်း(၂)ရက် (၂၅.၇.၂၀၁၇) အင်္ဂါနေ့၊ ညနေ(၅း၀၀)နာရီတွင် 
ကွယ်လွန်သွားပါသဖြင့် ကြွင်းကျန်ရစ်သော ရုပ်ကလာပ်ကို ၁၃၇၉ ခုနှစ်၊ ၀ါခေါင်လဆန်း(၃)ရက် (၂၆.၇.၂၀၁၇) ဗုဒ္ဓဟူးနေ့၊ ညနေ (၃း၀၀)နာရီတွင် 
ကျိုက္ခမီဆင်ပုန်းသုသာန်သို့ ပို့ဆောင်သင်္ဂြိုဟ်မည် ဖြစ်ပါသည်။

ကွယ်လွန်သူ (ဒေါ်တင်ညွှန့်) အားရည်စူး၍ ၁၃၇၉ခုနှစ်၊ ၀ါခေါင်လဆန်း (၈)ရက် (၃၁.၇.၂၀၁၇) 
တနင်္လာနေ့၊ နံနက် (၅း၀၀)နာရီတွင် သံဃာတော်အရှင်သူမြတ်တို့အား ဆွမ်းဆက်ကပ်လှူဒါန်းမည်ဖြစ်သောကြောင့် ကျန်ရစ်သူ မိသားစုနှင့်အတူ ဆွမ်းကျွေး၊ ရေစက်ချတရားတော်နာ ကြွရောက်ကြပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။

(၄င်းနေ့တစ်နေ့တည်း အပြီး ဧည့်ခံကျွေးမွေးမည်ဖြစ်ပါသည်။)
ကျန်ရစ်သူ မိသားစု












ဦးသားငယ်+ဒေါ်မီး - ပျော်ရွှင်စရာမိသားစုကမ္ဘာ ရန်အောင်မြေရပ်ကွက် သာယာကုန်း (၁) ကျိုက္ခမီမြို့



ဖေဖေမေတို့၏အချစ်ဆုံးသားလေးအငယ်ဆုံး
အကိုတွေအားလုံး၏အချစ်ဆုံးညီလေး

No comments:

Post a Comment