"နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ" ဘုရား၊ တရား၊ သံဃာ ရတနာ သုံးပါးနှင့် မိဘ၊ ဆရာတို့ကို ဦးထိပ် ထား၍ မိတ်ဆွေအပေါင်း၊ ညီအစ်ကို မောင်နှမ အပေါင်း စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ။
မိသားစု စာကြည့်တိုက်
Covid ၁၉ အကြောင်း နည်းပညာများ တရားများ
အသံဇာတ်လမ်းများ သီချင်းများ ဗီဒီယိုများ
Showing posts with label work-journey (အလုပ်ခရီးစဉ်). Show all posts
Showing posts with label work-journey (အလုပ်ခရီးစဉ်). Show all posts

Thursday, October 20, 2016

ထိုင်းနိုင်ငံသို့ ပထမအကြိမ်



ထိုင်းနိုင်ငံသို့ ပထမအကြိမ် ခိုးဝင်လာခဲ့တဲ့အတွေ့အကြုံ ၂၀၀၇-၂၀၀၈ခုနှစ်
=======================================

ကျွန်တော်အင်္ဂလိပ်စကားပြောတာကိုအရမ်း crazy ဖြစ်တယ်။

အစ်ကိုအငယ်ဆုံးက ဖူးကတ်မှာအလုပ်လုပ်နေတာဆိုတော့ ကွတ်တိပဲ။ ထိုင်းမှာဆို နိုင်ငံခြားသားတွေများတယ်။ ပြီးတော့ ထိုင်းဘာသာလည်းပြောတက်မယ်။ အလုပ်အတွေ့အကြုံလည်းရမယ်။ ပိုက်ဆံလည်းရမယ်။ very good ဆိုပြီး အိမ်မှာရှိတဲ့မိဘတွေကို ကျွန်တော် ပူဆာတာပေါ့ သွားချင်တယ်သွားမယ်ဆိုပြီး ပြီးတော့ အစ်ကိုငယ်ကိုလည်း ပူဆာတော့တာပေါ့။ မည်သူမှ အဝေးသို့မလွတ်ချင်ကြဘူး ခွင့်မပြူကြဘူး။ လူဆိုးတစ်ယောက်အနေနဲ့ မရတရထွက်လာခဲ့တာပေါ့။

ကျွန်တော့်သူငယ်ချင်းဆွေမျိုးတွေ ကျိုက္ခမီမြို့ကိုကော့သောင်းကနေ လာလည်ကြတယ်။ သူတို့လည်းကော့သောင်းကိုပြန်ကြမှာဆိုတော့ လမ်းခရီးစဉ်က ကော့သောင်းအထိ အတော့ကို အဆင်ပြေသွားတယ်။

ကားကို သံဖြူဇရပ်ကနေလာစီးရတယ်။ ထားဝယ်မြို့ဆီသို့ခရီးဆက်ခဲ့ကြတယ်။
သားနဲ့ခွဲရပြီး သားကိုစိတ်မချတဲ့ခံစားမှုတွေနဲ့ ကျွန်တော့ရဲ့မိဘတွေရဲ့ပါးပြင်မှာ မျက်ရည်တွေနဲ့ဆိုရွှဲလို့ ၀မ်းနည်းနေကြတယ်။
ထွက်သွားခဲ့တဲ့အချိန်ကစလို့ ၁လ ၂လ ထိ မိဘနှစ်ပါးမှာ ကျန်းမာရေးမကောင်းဖြစ်ခဲ့ရရှာတယ်။ မိဘစကားနားမထောင်ပဲ စိတ်ဆင်းရဲမှုတွေကိုပထမအကြိမ်ပေးခဲ့မိတယ်။ ကိုယ်လုပ်ချင်တာကို လုပ်ရရင်ပျော်နေတက်တဲ့ကျွန်တော် မော်လမြိုင် ကွန်ပျူတာတက္ကသိုလ်ပထမနှစ် ၂၀၀၆-၂၀၀၇ ပညာသင်နှစ်စာမေးပွဲ ပြီးတာနဲ့ ပထမအကြိမ် ထိုင်းနိုင်ငံကို၂၀၀၇-၂၀၀၈ခုနှစ်မှာ ပထမအကြိမ် ထိုင်းနိုင်ငံ ဖူးကတ်သို့ အရတက်လာခဲ့တယ်။

လမ်းခရီးကလည်း မိုးတွင်းဆိုတော့ ကြမ်းတမ်းတယ်. ထားဝယ်လမ်းကလည်းသိပ်မကောင်းနေသေးဘူး။ ထားဝယ်မြို့သို့ရောက်တာနဲ့ ၃ညအိပ်ရတယ်။
ဘယ့်ရမလဲ ထားဝယ်ဘုရားဖူးနဲ့ထားဝယ်မြို့ကို လိုက်လည်လိုက်တာပေါ့။
အမေ့ကိုဖုန်းဆက်ပြီး အမေရေ့သားတို့လမ်းခရီမှာ အဆင်ပြေတယ်လို့ပြောပြလိုက်တယ်။ မိဘတွေရဲ့ရင်ခွင်မှာ မိနစ်တိုင်း စက္ကန့်တိုင်း စိတ်ပူနေရရှာတယ်။ စားမ၀င်အိပ်မပျော်မိဘတွေမှာဖြစ်ခဲ့ရရှာတယ်ဆိတာ သိခဲ့ရတယ်။ "ဘယ်နေရာရောက်ရောက်အဖေအမေတို့ဆီကိုဖုန်းဆက်ဆက်ဆက်ပေးနေနော်".လို့အမြဲတမ်းမှာလေ့ရှိတဲ့ ကျွန်တော်တို့ညီအကိုအားလုံးရဲ့မိဘစကား အခုထိလည်းမှာနေဆဲပါ။
ကျေးဇူးကြီးမားလှပါသည်။

ကော့သောင်းကိုသွားဖို့  Speed Boat ထပ်စီးကြတယ်။ အလှအပရှုခင်းတွေကလည်း သာယာလိုက်တာ။ ပထမအကြိမ်စီးဖူးတာဖြစ်လို့ အမှတ်တရလေလည်းဖြစ်တယ်။

ကော့သောင်းမှာ Speed Boat ဆိုက်ရော သက်ဆိုင်ရာတွေက မှတ်ပုံတင်တောင်းကြတယ်။
အဲဒီတုန်းက မှတ်ပုံတင် ၁၀/သဖရ(နိုင်)ဆိုရင် ကော့သောင်းမြို့ကို မပေးဝင်ဘူး ပြန်ခိုင်းလေ့ရှိကြတယ်။
ဒါနဲ့အတူပါလာတဲ့ကော့သောင်းကသူငယ်ချင်းဆွေမျိုးတွေက သူတို့ရဲ့ကော့သောင်းသားမှတ်ပုံတင်နဲ့ဆိုတော့ ကော့သောင်းမြို့သူတို့ရှိရာကို ကျိုက္ခမီကတူတွေအလည်လာတဲ့အနေနဲ့ ပြောပြီးအဆင်ပြေသွားတယ်။

ကော့သောင်းရောက်တော့ ကော့သောင်းမှာတည်ခိုးခန်းမှာ တစ်ညတည်းမယ်ဆိုပြီး ဆိပ်ကမ်းအနီတည်းခိုခန်းမှာ အနားယူပြီး ထိုင်းကအစ်ကိုငယ်ကိုဖုန်းဆက်တာပေါ့.
 ကော့သောင်းမြို့အလှက အရမ်းပဲသာယာလှတယ်။ လေညင်းတွေကလည်းသာယာတယ်။
လူတွေကလည်းများတယ်။. အမေ့ကိုဖုန်းဆက်ပြီး အမေရေ့သားတို့လမ်းခရီမှာ အဆင်ပြေတယ်လို့ပြောပြလိုက်တယ်။ အလည်လည်းလိုက်သွားတယ်လို့ ပျော်ရွင်တဲ့အားရပါးရစကားသံတွေနဲ့အတူ
မိဘတွေရဲ့ရင်ခွင်မှာ မိနစ်တိုင်း စက္ကန့်တိုင်း စိတ်ပူနေရရှာတယ်နေတယ်ဆိုတာ သိခဲ့ရတယ်။
"ဘယ်နေရာရောက်ရောက်အဖေအမေဆီကိုဖုန်းဆက်ဆက်ဆက်ပေးနေနော်".လို့အမြဲတမ်းမှာလေ့ရှိတဲ့ ကျွန်တော်တို့ညီအကိုအားလုံးရဲ့မိဘစကား အခုထိလည်းမှာနေဆဲပါ။ ကျေးဇူးကြီးမားလှပါသည်။

တည်းခိုခန်းမှာ ညတစ်ညတောင် မအိပ်ခဲ့ရပါဘူး ညနေစောင်းနက်နက်အချိန်လေးမှာတင် ပွဲစားကဖုန်းဆက်လာလို့ သွားလိုက်ရတယ်။ ကော့သောင်းကနေ ရနောင်းသို့ စပြီးတော့ စက်လှေနဲ့ခရီးဆက်ကြတာပေါ့။
စက်လှေကတော့ ကျိုက္ခမီမြို့၊ ဆင်းပုန်းကမ်းခြေမှာရှိတဲ့ ငါးဖမ်းလှေတွေလိုပါပဲ။
လှေအထဲမှာရှိနေခဲ့ရပြီး ရေလုပ်သားသဘောလိုအသွင်ဆောင်ပြီး လှေထဲဝင်လာတဲ့ရေတွေကို ခပ်ထုတ်ပစ်နေတဲ့ လှေလုပ်သားပုံစံနဲ့ခိုးဝင်ရတယ်။ အဲဒီမှာ ကျွန်တော်တို့ ၂ယောက်ရယ် လှေက လူ၂ယောက်ရယ် အားလုံး ၄ယောက်ပဲရှိတယ်။
ရေပေါ်မှာတာဝန်ချထားတဲ့ မြန်မာဘက်ကစစ်ဆေးရေးဂိတ်နဲ့ ထိုင်းဘက်ကစစ်ဆေးရေးဂိတ်တို့ကို သူတို့နည်းသူတို့ဟန်နဲ့ဖြေရှင်းပြီး အဆင်ပြေပြေလေးနဲ့ ရနောင်းဘက်ကို ရောက်လာခဲ့တယ်။

ထိုင်းဘက်ပွဲစားအိမ်ကိုရောက်တယ် အဲဒီပွဲစာအိမ်က ကမ်းရိုးစပ်နဲ့နီတယ်။ ခိုးဝင်လာတဲ့လူတွေလည်းအများကြီးပဲရှိနေကြတယ်ဆိုတာတွေ့လိုက်ရတယ်။
ည၇နာရီကျော်ကျော်လောက်ဖြစ်နေပြီး ပွဲစားနာမည်နဲ့ခေါ်ပြီးဘယ်သွားမလဲ အဲလိုနဲ့ ကျွန်တော်တို့က ဖူးကတ်ကိုသွားတာဆိုတော့ ထိုင်းပွဲစားနဲ့လိုက်လာခဲ့ကြတယ်။ ကျွန်တော်တို့ပွဲစားနာမည်က "ကိုကိုင်ဇာ" ဖြစ်ပါတယ်။
(အဲဒီခိုးဝင်လာတဲ့မြန်မာလူမျိုးအများကြီးမှာ ပွဲစားဘယ်သူ ဘယ်သွားမလဲဆိုတာ မသိတဲ့လူတွေအများကြီးရှိနေကြတာကို တွေ့ခဲ့ရတယ်။)

ဒီလိုနဲ့ကျွန်တော်တို့ခရီးဆက်ခဲ့ကြတယ်။ မိနစ်၃၀လောက်ကြာတော့ ထိုင်းပွဲစားအိမ်တစ်အိမ်သို့ထပ်ရောက်တယ်။
အဲဒီမှာညအိပ်ခံထားရတဲ့ကျွန်တော်တို့လိုမျိုး ခိုးဝင်လာတဲ့မြန်မာတွေလည်းရှိတယ်။
ကံကောင်းတာကတော့ ကျွန်တော်တို့၂ယောက်ရောက်တော့ လူပြည့်သွားလို့ထင်တယ် ကျွန်တော်တို့နဲ့အတူအားလုံးကို သူတို့ထမင်းထုပ်တွေဝယ်ပေးပြီးရေချိုး စားကြပြီး ၁၀ယောက်နဲ့အဲဒီညမှာပဲ ခရီးဆက်ခဲ့ကြတယ်။

ကျွန်တော်နဲ့ပါလာတဲ့သူငယ်ချင်းမောင်လေးတစ်ယောက်ရယ် ခလေးရှိတဲ့အမတစ်ယောက်ရယ် ကျွန်တော်တို့အားလုံးက ကားမောင်းသမားရဲ့အနောက်အထဲမှာသက်သက်သာသာနဲ့Air-con နဲ့ထိုင်ခဲ့ရပေမဲ့
ကျန်တဲ့အကိုတွေခင်ဗျာ အနောက်မှာ အိပ်နေခဲ့ရပြီးအပေါ်မှာ ပစ္စည်းထုတ်တွေရဲ့အပေါ်မှာ အဖိခံထားခဲ့ရပြီး အဲဒီအပေါ်မျာအမိုးကာကိုထပ်ဖုံးပြီးလိုက်ခဲ့ကြရတဲ့ သူတို့ဘ၀က ကျွန်တော်တို့ထက်စာရင် ပိုစွန့်စားထွက်ခဲ့ရရှာတယ်။

နေရာတစ်နေရာရောက်တော့ ဘယ်ကိုသွားမလဲ ဆိုပြီး ပါလာတဲ့လူတွေကိုထပ်ခွဲထုတ်တယ်။
ဒီလိုနဲ့ကျွန်တော်တို့၂ယောက် ဖူးကတ်ကို လွယ်လွယ်ကူကူနဲ့ အဆင်ပြေပြေနဲ့ ပထမအကြိမ်ရောက်ရှိခဲ့ပါတယ်။

မိဘတွေကိုလည်း အဆင်ပြေပြေနဲ့ရောက်လာခဲ့ကြောင်းပြောပြပြီး မိဘနှစ်ပါး စိတ်ပူတစ်ဝက်သက်သာရစေခဲ့ပါတယ်။ "အဖေအမေဆီကိုဖုန်းဆက်ဆက်ဆက်ပေးနေနော်." လို့အမြဲတမ်းမှာလေ့ရှိတဲ့ ကျွန်တော်တို့ညီအကိုအားလုံးရဲ့မိဘစကား အခုထိလည်းမှာနေဆဲပါ။ ကျေးဇူးကြီးမားလှပါသည်။

ထိုင်းနိုင်ငံအတွင်းစတက်ကတည်းက မရောက်တဲ့အချိန်အထိ အစ်ကိုငယ်ခင်ဗျာ ညီကိုဖုန်းကိုအမြဲဆက်လေ့ရှိတယ်။
ညီတစ်ယောက်ဖူးကတ်တက်လာတာ အစ်ကိုငယ်ဆီကိုရောက်တော့မှပဲ အစ်ကိုငယ်လည်း စိတ်အေးရတယ်။

ဖတ်ပေးတဲ့အတွက်ကျေးဇူတင်ပါသည်။

ဒုတိယအကြိမ်နှင့် တတိယအကြိမ်ခိုးဝင်လာခဲ့ရတဲ့အပိုင်းနှင့် ၄ကြိမ်မြောက် ၅ကြိမ်မြောက် passport လုပ်ပြီးတက်ခဲ့ရတဲ့အပိုင်းကို ဆက်လက်ရေးသားပို့စ်တင်ပေးသွားပါဦးမည်။

ကျိုက္ခမီသားလင်းနိုင်ဦး
၂၀.၁၀.၂၀၁၆
Facebook Link:

Pyi Daw Aye Pagoda in Kawthaung