"နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ" ဘုရား၊ တရား၊ သံဃာ ရတနာ သုံးပါးနှင့် မိဘ၊ ဆရာတို့ကို ဦးထိပ် ထား၍ မိတ်ဆွေအပေါင်း၊ ညီအစ်ကို မောင်နှမ အပေါင်း စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ။
မိသားစု စာကြည့်တိုက်
Covid ၁၉ အကြောင်း နည်းပညာများ တရားများ
အသံဇာတ်လမ်းများ သီချင်းများ ဗီဒီယိုများ

Wednesday, July 19, 2017

သားအရမ်းချစ်ရပါသော "နိုင်"


"Happy Birthday" ပါသားအရမ်းချစ်ရပါသော "နိုင်"
ယနေ့ကျရောက်သော ၂၈ နှစ်မွေးနေ့မှသည်
နောင်နှစ်ပေါင်းများစွာတိုင် ချစ်ရသော ဖေဖေမေမေ
ကိုကြီးကိုငယ် သားညီထွေးလေးနဲ့အတူ စိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့် ပျှော်ရွှင်စွာ နိုင့်ရဲ့အိမ်မက်လမ်းခရီးလေးကို အကောင်ထည်ဖော်ဆောင်နိုင်ပြီး ထာဝရ အမြဲတမ်းပြုံးပျှော်နိုင်ပါစေလို့ သားနဲ့ ထပ်တူ ဖေဖေမေမေ ကိုကြီးကိုငယ် မိသားစုမှ ဆုတောင်းမေတ္တာပြုသလိုက်ပါတယ်
မိသားစုအပေါ်မှာ အရမ်းအနစ်နာခံတဲ့ သားရဲ့အကို
မိသားစုအပေါ်မှာ အရမ်းကိုချစ်ခင်မြတ်နိုးတဲ့ အကို
ညီကိုတွေအပေါ်မှာလည်း အရမ်းချစ်တဲ့သားရဲ့ အကို 
နိုင်သားဒီဟာလိုချင်တယ် ဟိုဟာလိုချင်တယ်လို့ပြောလိုက်ရင် မဖြစ်ဖြစ်အောင်မရရအောင်လုပ်ပေးတယ် နိုင်ကလေ သားအပေါ်မှာ ဘယ်အရာနဲ့မှ အစားထိုးလို့မရတဲ့ အဖေနဲ့အမေတစ်ဖွယ်ပါပဲ....
နိုင်ဟာလေ သားကို အရမ်းကို ဟိုးးးငယ်ငယ်လေးကတည်းက အရမ်းချစ်မြတ်နိုးတယ် သားမှတ်မိသေးတယ်
ငယ်ငယ်က အိမ်မှာ သားနဲ့ နိုင်အတူဆော့ရင်းသားက တစ်ခုခုအပြစ်လုပ်လိုက်တဲ့အခါ အဖေသိလို့ ဆူရင်ရိုက်ထိရင် နိုင့်လုပ်တယ်ဆိုပြီးတော့ပဲ အဖေရိုက်တဲ့ တုတ်အောက်မှာပဲ အမြဲတမ်းသားနာမှာစိုးလို့ ခံခဲ့တယ်
နောက်ကျောင်းသားအရွယ် ကျောင်းတက်တဲ့ အချိန် မူလတန်းကစပြီး သားက ၆ တန်းဖြစ်လာချိန်မှာ နိုင်က ၁၀ တန်းကိုရောက်ခဲ့ပြီ အဲ့ဒီ ၁၀ တန်းအထိ နိုင်ဆီက အဖေမေပေးတဲ့ မုန့်ဖိုးကို သားမုန့်ဖိုးဆိုပြီး နိုင်သားကိုပေးခဲ့တယ် နိုင် ၁၀တန်းအောင်ပြီး တက္ကသိုလ်တက် ကျောင်းတွေ ပြီးစီးသွားသည့်တိုင်အောင် သားက နိုင်အပေါ်ဘာမှ မကူညီပေးခဲ့တဲ့အပြင် အခုထက်ထိ နိုင်ကပဲသားကို ဒါကညီလေးအတွက်မုန့်ဖိုး လစဉ် တစ်လ ၁ သိန်းကို ပေးနေဆဲပဲ ဒီကြားထဲ နိုင်ရေ သားကို ဒီလကုန်သားကို ပိုက်ဆံ ၃သိန်း လောက်ပေးပါ ဆိုလည်း ဘာလုပ်ဖို့လဲ ဆိုတာကိုမမေးမမြန်းပဲ အင်း နိုင် ဒီလကုန်ပို့ပေးလိုက်မယ်လို့သာပြောပြီး မပေးဘူး ဆိုပြီး တစ်ခါမှ မငြင်းဆန်ခဲ့ဖူးဘူး နောက်ပြီး သားအခုလက်ရှိလုပ်နေတဲ့ အလုပ်ကိုဆိုရင်လည်း ညီလေးအရမ်းပင်ပန်းရင် မလုပ်နဲ့နော် နိုင် ပြန်လာတဲ့အခါ နိုင်တို့ညီကိုတွေစုပြီး စီးပွားရေးတစ်ခုခု လုပ်ကြရအောင် ညီလေးအရမ်းပင်ပန်းတာတွေကို နိုင်မလိုချင်ဘူး ညီလေးက အငယ်ဆုံး အိမ်မှာအငယ်ဆုံး အဖေအမေ အနားမှာပဲနေရမှာ အခုလိုပင်ပန်းတဲ့အလုပ်တ်ေကို မလုပ်သင့်ဘူး လို့ ခဏခဏပြောပြီး နိုင့်ကို ခွင့်လွတ်နော်ဆိုတဲ့ စကားသံလေးတွေက အခုထက်ထိ သားနားမှာ ကြားနေတုန်းပဲ နိုင်
သားကိုဆိုလည်း အမြဲတမ်းမျက်နှာ မငယ်အောင်ထားတယ် နောက်ပြီး သားကျန်းမာရေးမကောင်းတစ်ခုခုဖြစ်မှာ အရမ်းကိုစိုးရိမ်တယ် သားအတွက် ထိုင်းကနေ မော်လမြိုင်ဆေးရုံမှာ တုန်ကင် ကိုယူထားပေးတယ် သား ကျိုက္ခမီကနေသွားရင် ဟိုရောက်ရင် အရမ်းနောက်ကျမှာ ဆိုပြီးယူထားပေးခဲ့တယ် နိုင်ကလေသားအတွက်ဆို အမြဲတမ်းကိုယ့်အတွက်မကြည့်တဲ့ လိုတရ အကိုပါ ပဲ....
ဦးသားငယ်+ဒေါ်မီး - ပျော်ရွှင်စရာမိသားစုကမ္ဘာ ရန်အောင်မြေရပ်ကွက် သာယာကုန်း (၁) ကျိုက္ခမီမြို့



ဖေဖေမေတို့၏အချစ်ဆုံးသားလေးအငယ်ဆုံး
အကိုတွေအားလုံး၏အချစ်ဆုံးညီလေး

No comments:

Post a Comment