"နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ" ဘုရား၊ တရား၊ သံဃာ ရတနာ သုံးပါးနှင့် မိဘ၊ ဆရာတို့ကို ဦးထိပ် ထား၍ မိတ်ဆွေအပေါင်း၊ ညီအစ်ကို မောင်နှမ အပေါင်း စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ။
မိသားစု စာကြည့်တိုက်
Covid ၁၉ အကြောင်း နည်းပညာများ တရားများ
အသံဇာတ်လမ်းများ သီချင်းများ ဗီဒီယိုများ

Thursday, January 19, 2017

အတောင်းတဆုံးအရာတွေက


လက်ရှိဘ၀မှာ အတောင်းတဆုံးအရာတွေက မိဘနှစ်ပါးနှင့်ညီအကိုတွေ ကိုယ်ကျန်းမာပြီး စိတ်ပျော်ရွှင်ကြပါစေ။ မိသားစုအားလုံးလူသက်တမ်းစေ့သည့်အထိ ကျန်းမာပြီး စိတ်ချမ်းသာပျော်ရွှင်ပြီး မိသားစု စုစုစည်းစည်းနဲ့ ချစ်ချစ်ခင်ခင် အားလုံးအသက်ရာကျော်ရှည်ကြပါစေ။

မိသားစုဖေဖေမေမေနှင့်တကွ ကိုကြီးမိသားစု ကိုငယ်မိသားစု နှင့် ညီလေး အားလုံး၏ စီးပွားရေးတွေလည်း အဆင်ပြေကြပါစေ။ ကိုယ်ပိုင်လုပ်ချင်သည့် လုပ်ငန်းများကိုလည်း ညီအကိုတတွေ အချိန်တိုတိုနဲ့ အခတ်အခဲမရှိ  အောင်အောင်မြင်မြင်နဲ့ အဆင်ပြေကြပါစေ။ လူချစ်လူခင်များပါစေ။ ရန်လိုသူတွေ မရှိကြပါစေနှင့်။
လှူချင်တဲ့အရာတိုင်းလည်း လှူနိင်ကြပါစေ။ အားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ။
ဘ၀နိဗ်ဗာန်ကိုလည်း အချိန်တို ဘ၀တိုတိုလေးနဲ့ ရောက်နိုင်ကြပါစေ။

ကျေးဇူးကြီးမားလှသည့် ကျေးဇူရှင် ဖေဖေမေမေနှင့်တကွ ကျေးဇူရှိသည့် အကိုနှစ်ယောက်မိသားစုနှင့် ညီလေး ၊ နှင့် ဆွေမျိုးမောင်နှမ၊ သူငယ်ချင်း၊ ဦးဦး ဒေါ်ဒေါ် ဘကြီး အကြီး အားလုံးနှင့်တကွ ဆရာဆရာမများ သင်ဆရာ မြင်ဆရာ ကြားဆရာများ အစရှိသည့် အားလုံးကိုလည်း လိုအပ်သည့်အခါ အခွင့်ကြုံတိုင်း
ကူညီနိုင်သူ ကျေးဇူမဆပ်နိုင်တောင် ကျေးဇူမကန်းသူဖြစ်အောင် ကျေးဇူသိတက်သူဖြစ်အောင် အမြဲကြိုးစားသွားပါမည်။ အားလုံးသည်လည်း ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ။

ကျွန်တော်သည်လည်း ဒီဘ၀မက နောက်နောင်ဘ၀များရှိခဲ့ရင် ဒီမိသားစုလေးဖြစ်တဲ့ မိဘနှစ်ပါး ညီတစ်ယောက် အကိုနှစ်ယောက်တို့နဲ့ ရေစက်ဆုံရပါစေ။ လက်ရှိဒီဘ၀မှာ မိဘနှစ်ပါးနှင့် ညီအကိုများ ကျွန်တော့်အပေါ်အလွန်ကောင်းကြသဖြင့် ဘ၀ဆက်တိုင်းမှာ ဒီမိသားစုကို ကျေးဇူအဖြစ် စိတ်ချမ်းသာအောင်ထားနိုင်ပြီး အလုပ်အကျွေးပြုပါရစေ။ လိုအပ်သည့် လိုအင်များကိုလည်း ဖြည့်ပေးနိုင်သူဖြစ်ပါစေ။

ဒီဘ၀တွင်လည်း သိတက်သည့်ထက်ပိုပြီး မိသားစု ဖေဖေမေမေကိုကြီးကိုငယ်ညီလေး အားလုံးတို့၏ လိုအင်များကို ဖြည့်ပေးနိုင်သူဖြစ်အောင် ကြိုးစားသွားပါမည်။  ခုနှစ်ရက်သားသမီးများနှင့်တကွ သတ္တ၀ါတို့၏အသက် အာလုံးကို ကယ်တင်နိုင်သူတစ်ဦးလည်း ဖြစ်ပါစေ။ ခုနှစ်ရက်သားသမီးများ ကြုံတွေ့ခံစားနေရသော ဒုက္ခများအားလုံးကို အဆင်ပြေအောင် ဆောင်ရွတ်နိုင်သူတစ်ဦးလည်းဖြစ်ပါစေ။

မြတ်စွာဘုရားရှင်လမ်းပြခဲ့သည့်တရားလမ်းကြောင်းအတိုင်း အချိန်တိုတိုအတွင်းနှင့် တရားထူးတရားမြတ်ရပြီး အသိနဲ့ယှဉ်ပြီး  နိဗ်ဗာန်ရောက်သည့်အထိ တရားအားထုတ်နိုင်သူလည်းဖြစ်ပြီ ခုနှစ်ရက်သားသမီးများအားလုံးကို တရားကောင်းတရားမှန် လမ်ပြပေးနိုင်သူ ပုဂ်ဂိုဟ်တစ်ဦးလည်း ဖြစ်ရပါစေတည်း။

စာဖတ်သူအပေါင်းကိုလည်း ထပ်တူ ဆုတောင်းပေးပါသည်။
သာဓု သာဓု သာဓု
ဦးသားငယ်+ဒေါ်မီး - ပျော်ရွှင်စရာမိသားစုကမ္ဘာ ရန်အောင်မြေရပ်ကွက် သာယာကုန်း (၁) ကျိုက္ခမီမြို့



ဖေဖေမေတို့၏အချစ်ဆုံးသားလေးအငယ်ဆုံး
အကိုတွေအားလုံး၏အချစ်ဆုံးညီလေး

No comments:

Post a Comment